မြောက်ဥက္ကလာပမြို့နယ်၌ သန့်ရှင်းသာယာလှပစေရေးအတွက် ရှင်းလင်းခြင်းများ ဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်မှုဖြင့် တာ၀န်ရှိသူများက ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီအချိန် သုဓမ္မာလမ်းမ (ပိတောက် ၄ လမ်းမှ သုနန္ဒာလမ်း) အထိ လမ်းနယ်နိမိတ်အတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မရမ်းကုန်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး၊ လက်ထောက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပတ်၀န်းကျင်သန့်ရှင်း‌ရေးလုပ်သားများ၊ ရေစီးရေလာများ၊ လမ်တံတားလုပ်သားများက မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်း (ပိတောက် ၄ လမ်းမှ သုနန္ဒာလမ်း) အထိ လမ်းနယ်နိမိတ်အတွင်းရှိ သဲအိတ်၊ ခဲအိတ်များ၊ ပန်းအိုးများ၊ ချုံနွယ်အမှိုက်သရိုက်များ၊ နေအိမ်ရှေ့စုပုံထားသည့် မြေပိုများအား မော်တော်ယာဉ်တစ်စီးဖြင့် သယ်ဆောင်စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)