ငါန်းဇွန် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ (ဒုတိယမြောက်နေ့)အဖြစ် မြို့နယ်ပညာရေးမှူးဌာနမှ ကြီးမှူး၍ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နံနက်(၉)နာရီတွင် အထွေထွေဗဟုသုတနှင့်နေ့လယ် (၁)နာရီတွင် လူတွေ့နှုတ်ဖြေတို့ဖြင့် ယှဉ်ပြိုင်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဌာန၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းမှ တာဝန်ယူကြီးကြပ်၍ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ(ဒုတိယမြောက်နေ့) အဖြစ် ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရွေးချယ်ပွဲကို ယနေ့နံနက်(၉)နာရီက အထွေထွေဗဟုသုတနှင့် နေ့လယ်(၁)နာရီတွင် လူတွေ့နှုတ်ဖြေတို့ဖြင့် ယှဉ်ပြိုင်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ လူရည်ချွန်ရွေးချယ်ပွဲကို ငါန်းဇွန်မြို့နယ်ရှိ အ-ထ-က ငါန်းဇွန်၊ အ-ထ-က ခြင်္သေ့လက်၊ အ-ထ-ကမြို့သာနှင့် အ-ထ-က (ခွဲ) ကျောက်တလုံးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကြောင်း သိရသည်။ အဆိုပါရွေးချယ်ပွဲကို အခန်း(၄)ခန်းခွဲ၍ ယှဉ်ပြိုင်စေပြီး ရေးဖြေ၊ နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများဖြင့် ယှဉ်ပြိုင်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ (၃-၁၂-၂၀၂၅) ရက်နေ့တွင် မြန်မာစာဘာသာနှင့် အင်္ဂလိပ်စာဘာသာရပ်များဖြေဆိုခဲ့ပြီး (၄-၁၂-၂၀၂၅) ရက်နေ့တွင် အထွေထွေ ဗဟုသုတနှင့် လူတွေ့နှုတ်ဖြေများယှဉ်ပြိုင်ဖြေဆိုကာ (၅-၁၂-၂၀၂၅) ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းများကို ယှဉ်ပြိုင်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၃၁) ဦးရှိရာ ကျန်းမာရေးအရ ဖြေဆိုရန် ပျက်ကွက်သူ (၆) ဦးရှိကြောင်းနှင့် လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅) ဦး ရှိကြောင်းသိရသည်။ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများသည် ခရိုင်အဆင့်လူရည်ချွန်ရွေးချယ်ပွဲကိုဆက်လက်၍ ဝင်ရောက်ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)