တောင်သာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ

တောင်သာ ဒီဇင်ဘာ ၄

တောင်သာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ပြည်သူများ အားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က လူစည်းကာရာ တောင်သာနာရီစင်အနီး၊ တောင်သာ-ကျောက်ပန်းတောင်လမ်းနှင့်တောင်သာ-မလှိုင်ကားလမ်းမပေါ်နှင့် တောင်သာ(အ.ထ.က)ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာဖြတ်သန်း သွားလာနေကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများထံသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီတို့မှတာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ပြီး၊ အဆိုပါ လက်ကမ်းစာစောင် အစောင်ရေ ၁၅၀၀ စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)