မှော်ဘီ ဒီဇင်ဘာ ၂၆
မှော်ဘီခရိုင်မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအား ယမန်နေ့နံနက် ၈နာရီအချိန်မှ စတင်၍မြို့နယ်သာသနာ့ဗိမာန် ဓမ္မာရုံစုရပ်ထားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၈ရက်နေ့တွင် မှော်ဘီခရိုင်၌ ပထမအသုတ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကျင်းပမည့် မှော်ဘီမြို့နယ်မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၃)စုမှ မဲရုဲ(၁၆၆)ရုံ အတွက်မဲရုံတာဝန်ခံများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဦးလှဦး၊ အတွင်းရေးမှူး ဒေါ်တင်ဇာလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကအဖွဲ့(၄) ဖွဲ့ခွဲကာ မဲရုံတာဝန်ခံများနှင့်ရပ်ကွက်၊ ကျေးရွာအုပ်စုများမှအုပ် ချုပ်ရေးမှူးများအား မြို့နယ်သာသနာ့ ဗိမာန်ဓမ္မာရုံစုရပ်ထားကာစနစ် တကျအပ်နှံပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်