ချမ်းအေးသာစံမြို့နယ်၌ မဲရုံပြင်ဆင်ထားရှိမှူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း လိုက်လံကြည့်ရှု

ချမ်းအေးသာစံ ဒီဇင်ဘာ ၂၇

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ MEVM မဲပေးစက်များ တပ်ဆင်ထားရှိမှုနှင့် မဲရုံပြင်ဆင်ထားရှိမှူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ MEVM မဲပေးစက်များ တပ်ဆင်ထားရှိမှုနှင့် မဲရုံပြင်ဆင်ထားရှိမှူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀)တွင် မဲရုံစုစုပေါင်း (၇၀) သတ်မှတ်ထားပြီး ဆန္ဒမဲပေးနိုင်သည့် ပြည်သူစုစုပေါင်း (၁၂၆,၀၆၂)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရှိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)