ပျော်ဘွယ် ဒီဇင်ဘာ ၂၉
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကိုပျော်ဘွယ်မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲမဲရလဒ်များထုတ်ပြန် ကြေညာခြင်းကို ဒီဇင်ဘာလ ၂၉ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဒေါ်နှင်းဆီက လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ ရွေးကောက်ပွဲမဲရလဒ်များထုတ်ပြန် ကြေညာခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သက်ဆိုင်ရာပါတီများမှ ကိုယ်စားလှယ်လောင်းများအား မဲရလဒ်များကိုကြည့်ရှုစေကာ အနိုင်ရပါတီအားထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)