ကျောက်ဆည် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ကျောက်ဆည်မြို့နယ် ရပ်ကွက်၊ ကျေးရွာ၌ မဲရုံအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်များကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက ကျောက်ဆည်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်စိန်က ရွေးကောက်ပွဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဲစားရင်းရလဒ်များ ထုတ်ပြန်ကြောညာရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သက်ဆိုင်ရာပါတီကိုယ်စားလှယ်များအား ကြည့်ရှုစေပြီး မဲရလဒ်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)