ချမ်းအေးသာစံ ဒီဇင်ဘာ ၂၉
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းထူးချွန်ဆု၊ သင်တန်းထူးချွန်ဆု၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို မန္တလေးမြို့ မြို့တော်ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းက အမှာစကားပြောကြားခဲ့ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဖြစ်ပေါ်လာပုံသမိုင်းကို ဗီဒီယိုပြသခဲ့ပြီး ဌာနများမှ ဝန်ထမ်းကောင်းဆုရရှိသူ ၁၅ ဦး၊ မြေတိုင်းသင်တန်းကျောင်း(ပြင်ဦးလွင်)နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တို့တွင် သင်တန်းတက်ရောက်ပြီး ထူးချွန်သူများအား ဆုများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး ယာယီနေ့စားမှ နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့သည့် ဝန်ထမ်း ၃၁ ဦးတို့အား ရာထူးခန့်အပ်သည့်အမိန့်စာများ ပေးအပ်ခြင်း၊ ဌာနများမှ လက်ရှိဌာနတွင် လုပ်သက် ၃၅ နှစ်နှင့်အထက် ဝန်ထမ်းတစ်ဦး၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားတံခွန်စိုက်ဆုများအား ပေးအပ်ချီးမြှင်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)