‎မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အရှေ့ ရပ်ကွက်၌ မဲပေးစက်သရုပ်ပြပွဲအခမ်းအနားကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၃၀

မဟာအောင်မြေမြို့နယ်၊ သံလျှက်‌မှော်အရှေ့ ရပ်ကွက်၊ မန်းတော်သာရပ်ဓမ္မာရုံ၌ မဲပေးစက် သရုပ်ပြပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့သည်။

ဦးစွာ မဟာအောင်မြေမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က မဲပေးစက်နှင့်ပတ်သက်သည့်အကြောင်းအရာများ၊ မဲရုံအတွင်း မဲရုံအဖွဲ့ဝင်များမှ ရေးသွင်းရမည့်ပုံစံများ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ရွေးကောက်ပွဲကျင်းပခြင်းသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် မိမိမဲပေးရမည့်မဲရုံသို့ လွတ်လပ်စွာမဲပေးပိုင်းခွင့်ရှိကြောင်း စသည်များ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်း၊ မဟာအောင်မြေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးသက်နိုင်၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းလွင်နှင့် တက်ရောက်လာကြသူများကလည်း သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း