ညောင်ဦး ဒီဇင်ဘာ ၃၀
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ဒီဇင်ဘာ ၃၀ ရက်က အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရည်ရွယ်ချက်၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ မြန်မာတစ်မျိုးသားလုံး မမေ့သင်သည့် အာဇာနည်ခေါင်းဆောင်(၉)ဦးတို့၏ အတ္တုပ္ပတ္တိအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအားလပ်ချိန် ပြင်ပဗဟုသုတရှာဖွေနိုင်ရန် ကျောင်းစာအပြင် ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုမှတ်သားနိုင်စေရန် စာအုပ်၊ စာစောင်ပြပွဲဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပညာပေးဟောပြောကြားသည်။ ပြီးနောက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင် ဆက်လက်ပြသရာ ကျောင်းသား၊ ကျောင်းသူများစိတ်ဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
ဒီပါလင်း