ကျောက်ပန်းတောင်းမြို့၌ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး/ကဗျာ ပြိုင်ပွဲများ ကျင်းပ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို၊ ဒီဇင်ဘာ ၃၀ ရက်နေ့နံနက် ၉ နာရီကအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ လေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ လက်ပံပင်အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် IPS-II ကိုယ်ပိုင်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက် ဖြေဆိုခဲ့ကြပြီး၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ၁၀ ဦး၊ အလယ်တန်းအဆင့် ၁၉ ဦးနှင့် ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် ၅ ဦး၊ အလယ်တန်းအဆင့် ၁၀ ဦး စုစုပေါင်း ၄၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)