မြောက်ဥက္ကလာပမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုသားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲများ ကျင်းပ

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး‌‌ကျင်းပသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုသား ကောင်းမိခင်နှင့် ကလေးပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ဦးစွာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာအောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြု ဒေါ်၀င်း၀င်းစိုးက မိခင်နှင့်ကလေးငယ်များအား အသက်အရွယ်အလိုက် အာဟာရဖြည့်စွက်စာများ စားသုံးစေ‌ရေး၊ မွေးစမှအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပေးစေရေး၊ သန္ဓသားဘ၀မှသည် အသက်နှစ်နှစ်မပြည့်မီကာလအတွင်း အာဟာရစောင့်ရှောက်ခြင်းသည် ဘ၀တစ်လျှောက်လုံးအတွက် အရေးအကြီးဆုံး လုပ်ဆောင်ချက်ဖြစ်ပါကြောင်း စသည့်အသိပညာဗဟုသုတများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲများကို ကျင်းပရာ မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၉) ခုမှ မွေးစမှအသက် ၆ လ၊ အသက် ၆ လမှ ၁ နှစ်အထိ၊ တစ်နှစ်မှ တစ်နှစ်ခွဲအထိ ကလေးငယ်များ၊ သားကောင်းမိခင်တစ်ဦးတို့က ပြိုင်ပွဲများအား ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော ကလေးငယ်များအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)