‎မဟာ‌အောင်မြေမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မဟာအောင်မြေ  ဒီဇင်ဘာ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာ‌အောင်မြေမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၃၁ ရက်က အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖြန့်ဝေခဲ့သည်။

အ​ဆိုပါ လက်ကမ်းစာစောင်တွင်  (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄) ရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဥ်း၊ လွတ်လပ်ရေး၏အဓိပ္ပါယ်၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် လွတ်လပ်ရေးတည်ဆောက် စသည့်အကြောင်းအရာများနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်းများပါဝင်ခဲ့ကြပြီး မဟာ‌အောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

အောင်ဇော်မင်း