ပုသိမ်ကြီး ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး)တွင် (၇၈) နှစ် မြောက်လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခြင်းကို ဒီဇင်ဘာ ၃၁ ရက်ကစတင်ကာ အဆိုပါ တက္ကသိုလ်တွင်း၌ကျင်းပခဲ့သည်။
ပျော်ပွဲရွှင်ပွဲ အားကစားများအနေဖြင့် မီတာ (၄၀၀)လက်ဆင့်ကမ်းပြေးပွဲ၊ မီတာ(၁၀၀) တာတိုပြေးပွဲများအပြင် မြန်မာ့ရိုးရာအားကစားနည်းများပြန်လည် ဖော်ထုတ်သည့်အနေဖြင့် အာလူးကောက်ပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊စကောရွက်နှင့် အပ်ထိုး ပြိုင်ပွဲများကို ဒုတိယပါမောက္ခချုပ်ပါမောက္ခဒေါက်တာလင်းထက်မြင့်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပေးမည်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် မော်ကွန်းထိန်းထံမှသိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)