ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်တိုင်ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက် (၁၀:၀၀)အချိန်က ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အသင်း၀င်များ၊ မြို့နယ်ကျန်းမာရေး၊ ပရဟိတအသင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြိုင်ပွဲ၀င်မိခင်နှင့်ကလေးများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်သည့် ကလေးများနှင့် မိခင်များအား ကျန်းမာရေးဆိုင်ရာနှင့် ပြိုင်ပွဲ၀င်စည်းမျဉ်းစည်းကမ်းများ ရှင်းပြခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်ကလေးများအား ကြက်ဥနှင့် အိုင်အိုဒင်းဆားများ လက်ဆောင်ပေးအပ်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသောက လေးများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။
စိမ်းလဲ့(ပြန်ဆက်)