ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဒဂုံတောင် ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်တွင် ယမန်နေ့နံနက် (၁၁)နာရီက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများနှင့် ပြည်သူများစည်ကားရာ နေရာများဖြစ်သော အနှေးယာဉ်ဂိတ်၊ ဈေးဆိုင်များနှင့် YBS မှတ်တိုင်များတွင် ခရီးသွားပြည်သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ လိုက်လံဖြန့်ဝေကြကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင် သိမှတ်ဖွယ်ရာဗဟုသုတများအဖြစ် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်း၊  ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄)ရပ်၊ လွတ်လပ်ရေး၏အဓိပ္ပါယ်၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊  မြင်းမူမောင်နိုင်မိုး၏ လွတ်လပ်ရေးဆိုသည်မှာကဗျာ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ‌‌ရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်၏ တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲ‌ရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား (၁၅-၁၀-၂၀၂၅)ရက်နေ့တွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက် စသည်ဖြင့်  လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော အကြောင်းအရာများကို ဗဟုသုတရဖွယ်ရာ ဖော်ပြထားကြောင်း သိရသည်။

နေမျိုးအောင်(ပြန်/ဆက်)