ဗဟန်း ဇန်နဝါရီ ၁
ရန်ကုန်တိုင်းသေကြီးအတွင်းရှိ ဒေသခံပြည်သူများအပန်းဖြေပျော်ရွှင်စေရန်၊ နှစ်သစ်ကို သာယာချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်နှင့် စိတ်ခွန်အားသစ်များရရှိရန် ရည်ရွယ်၍ ကျင်းပသည့် ၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်တိုင်းသေကြီး၊ ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ယနေ့ ဖျော်ဖြေပွဲသို့ မွန်းလွဲပိုင်းမှစတင်၍ ဒေသခံပြည်သူများသည်မိသားစုများအလိုက်၊ မိတ်ဆွေသူငယ်ချင်းများအစုအဖွဲ့အလိုက် ဂီတဖျော်ဖြေပွဲကျင်းပမည့် ပြည်သူ့ရင်ပြင်ကွင်း၌ ပါဝင်ဆင်နွှဲရန် မော်တော်ယာဉ်များဖြင့်လည်ကောင်း၊ လမ်းလျှောက်၍လည်ကောင်း လာရောက်ကြသည်ကို တွေ့မြင်ရသည်။
ထိုသို့ တေးဂီတဖျော်ဖြေပွဲသို့ လာရောက်ပါဝင်ဆင်နွှဲကြသူများကို စိတ်လုံခြုံစွာ ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ကွင်းအတွင်းသို့ ဝင်ရောက်စဉ် တာဝန်ရှိသူများက ဝင်ပေါက်ဂိတ်များတွင် လုံခြုံရေးအရလိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေးသည့်အပြင် ဖျော်ဖြေပွဲဝန်းကျင်နေရာများ၌လည်း လိုအပ်သည့်လုံခြုံရေးစောင့်ကြည့်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်းတွေ့ရသည်။
တေးဂီတဖျော်ဖြေပွဲသို့ ဝင်ရောက်ရသည့် ဂိတ်အဝင်ဝမှ ဖျော်ဖြေပွဲကျင်းပမည့် စတိတ်စင်အထိ လျှောက်လမ်းများနှင့် ပွဲတော်အတွင်းရှိ နေရာများ၌ လာရောက်အပန်းဖြေလည်ပတ်ကြသူများ စိတ်အပန်းဖြေပျော်ရွှင်စေရန်အတွက် ရောင်စုံအလှမီးများဖြင့် လှပဝေဆာစွာ ဆင်ယင်ထွန်းညှိ အလှဆင်ထားပြီး Photo Booth များတွင်အမှတ်တရဓာတ်ပုံရိုက်ကြသူများ၊ ကလေးကစားကွင်း လည်းကလေးငယ်များ ပျော်ရွှင်စွာဆော့ကစားကြ၍ အထူးစည်ကားလျက်ရှိသည်။
ယနေ့နှစ်သစ်ကူည တေးဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်တေးသံရှင်များက တေးသီချင်းများ၊ ဒီဂျေ(D၂)များဖြင့် ဖျော်ဖြေတင်ဆက်ကြရာ လူငယ်လူရွယ် အများအပြားက ကြည့်ရှုအားပေး၍ ပျော်ရွှင်စွာဖြင့်အတူလိုက်ပါ သီဆိုကခုန်ခြင်းများ၊ ပျော်ရွှင်စွာဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထို့ပြင် လာရောက်လည်ပတ်ကြသူများစာရေးသောက်ရေးအဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသထွက်ကုန်များ၊ လူသုံးကုန်ပစ္စည်းဆိုင်များအပါအဝင် ဆိုင်ခန်းပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိပြီး အလှူရှင်များကလည်း စတုဒီတာကြာဇံကြော်များလှူဒါန်းကြပြီး ပျော်ရွှင်မှုများနှင့်အတူ သန့်ရှင်းစွာ စည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများအပြင် Mobile Toilet များထားရှိသည်ကိုလည်း တွေ့ရသည်။
၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြိုတေးဂီတဖျော်ဖြေပွဲကို ယနေ့မှစတင်ကျင်းပလျက်ရှိရာ လာရောက်အပန်းဖြေလည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး Countdown ရေတွက်မည့် အစီအစဉ်ပါဝင်ပြီးညနေ ၅နာရီမှစတင်၍ ည ၁ နာရီအထိ သီဆိုကပြဖျော်ဖြေ တင်ဆက်သွားကြပြီး ပွဲတော်သို့လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက်ခရီးစဉ်များကို မော်တော်ယာဉ်များဖြင့် အခမဲ့အသွားအပြန်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)