သင်္ဃန်းကျွန်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေ

သင်္ဃန်းကျွန်း  ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆိုင်ကယ်ကယ်ရီဂိတ်၊ ဈေးဆိုင်များအား သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင် သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာအဖြစ် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်း၊  ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄)ရပ်၊ လွတ်လပ်ရေး၏အဓိပ္ပါယ်၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊  မြင်းမူမောင်နိုင်မိုး၏ လွတ်လပ်ရေးဆိုသည်မှာ ကဗျာ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ‌‌ရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်း‌အောင်လှိုင်၏ တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲ‌ရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား (၁၅-၁၀-၂၀၂၅)ရက်နေ့တွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက် စသည်ဖြင့် သတင်းစကားလက်ကမ်းစာစောင်တွင် လွတ်လပ်ရေးနှင့် သက်ဆိုင်သောအကြောင်းအရာများနှင့် ဗဟုသုတရဖွယ်များ ဖော်ပြထားကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)