ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကား‌ပြောပြိုင်ပွဲ ကျင်းပ

ဒဂုံတောင် ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဒီဇင်ဘာလ (၃၀)ရက်နေ့ မွန်းလွဲ (၁)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လွတ်လပ်ရေးနေ့ဒို့မမေ့” အပါအဝင် ခေါင်းစဥ် (၃)မျိုးဖြင့် ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲသို့ ခရိုင်ပညာ‌ရေးမှူး ဦးငွေသူရ၊ မြို့နယ်ပညာ‌ရေးမှူး(တာဝန်ခံ) ဦးလောထန်မောယာ၊  အခြေခံပညာ (၄၂)ကျောင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတို့က ကြည့်ရှုအားပေးကြကြောင်း သိရသည်။

သန်းသန်းအေး (ပြန်/ဆက်)