ကျောက်ဆည် ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကျီးပြကျေးရွာ၌ စိုက်ပျိုးထားသည့် ကြက်သွန်နီ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီ တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့နှစ်ပြည် ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ပျိုးသက်နုချိန်တွင် ပြောင်းရွှေ့စိုက်ပျိုးရပြီး ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ဖိုးခြောက်သောင်းကျပ်၊ စိုက်ပျိုးမြေပြင်ပြုပြင်ခြင်းစရိတ် ၃ သိန်းငါးသောင်းကျပ်၊ ပြောင်းရွှေ့စိုက်ပျိုးစရိတ် နှစ်သိန်းကျပ်၊ မြေဆီမြေဩဇာ ၇ သိန်း ရှစ်သောင်း ကျပ်၊ ပိုးနှင်ဆေး၊ ပိုးသတ်ဆေးသုံးသိန်းကျပ် ခန့်ကုန်ကျကြောင်း ကြက်သွန်နီစိုက် တောင်သူ ဦးဇင်သူထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီများကို တိုက်နယ် ၁၊ တိုက်နယ် ၂၊ တိုက်နယ် ၆၊ တိုက်နယ် ၁၀ တို့မှ ကျေးရွာအုပ်စုများ၌ ၂၂၇၅ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)