ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ချမ်းမြသာစည်  ဇန်နဝါရီ  ၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးက မဲရုံလုံခြုံရေးစနစ်တကျထားရှိရေး၊ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲပေးရာတွင် အဆင်ပြေချောမွေ့စေရေးတို့အတွက် မဲစာရင်းအမှတ်စဉ်များ ကြိုတင်သိရှိနိုင်‌စေရေး စီစဉ်ဆောင်ရွက်ထားရှိနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ သွားလာမှုအဆင်ပြေစေရန် ကြိုတင်စီစဉ်ထားရှိရေး၊ မဲရုံသရုပ်ပြခြင်းများ ဆောင်ရွက်နိုင်ရေး၊ မဲရုံပရဝဏ်အတွင်းနှင့် မဲဆန္ဒပြုခန်း၌ မဲပေးစက်များပစ္စည်းများစနစ်တကျ နေရာချထားနိုင်ရေး၊ မဲရုံကြီးကြပ်လုံခြုံရေး ဌာနဆိုင်ရာဝန်ထမ်းများ နေရာချထားနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးအတွက် မဲရုံပတ်ဝန်းကျင်သန့်ရှင်းသာယာစေရေး၊ မီးဘေးလုံခြုံရေး စသည်တို့ကို ရှင်းလင်းပြောကြားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများက သိရှိလိုသည်များ မေးမြန်းရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်တို့က ပြန်လည်ဆွေးနွေးပေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ရုံးစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)