ကျောက်ဆည် ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည်ဆုနှင့် သဘင်အခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီခွဲက ပိတောက်ဆောင်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကျောင်းသူလေးများက မြန်မာ့ရိုးရာအကဖြင့်ဖွင့်လှစ်ပေးခဲ့ပြီး မေတ္တာကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူ ဆရာမကြီးဒေါ်သင်းပျံ့ကြူက မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းအနေဖြင့် ကျောင်းသား/ကျောင်းသူများအား ပညာတော်ရုံသာမက ဘက်စုံစွမ်းရည်၊ လိမ္မာယဉ်ကျေး၊ စာရိတ္တကောင်းမွန်ပြီး နောင်တစ်ခေတ်တွင် နိုင်ငံတော်ကြီးအား ခေါင်းဆောင်နိုင်သည့် အရည် အသွေးများ၊ အရည်အချင်းများရှိအောင် သင်ကြားပေးလျက်ရှိပါကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် Grade-12 ကျောင်းသား/ကျောင်းသူများအား ဂုဏ်ထူးများဖြင့် ထူးချွန်အောင်မြင်စွာ သင်ကြားပေးခဲ့သော ဆရာကြီး/ဆရာမကြီးများနှင့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား မေတ္တာကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူ ဆရာမကြီးက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ် ဗဟိုအဆင့်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းတွင်းပညာရေးပြိုင်ပွဲများ၌ ထူချွန်ကျောင်းသား/ကျောင်းသူများအား ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ကျောင်းသား/ကျောင်းသူလေးများက “ပန်းတိုင်းပွင့်ပါစေ”၊ “သာယာလှပပြည်မြန်မာ”၊ “ထာဝရမြန်မာ” စသည့် သီချင်းများ၊ အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)