ကျောက်ဆည် ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းသဇင်(၄)ထပ်ဆောင်၌ ယနေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး(စဉ့်ကိုင်) Rescue BaGyan မှ ကယ်ဆယ်ရေးသုံးပစ္စည်းများပြသ၍ လက်တွေ့အသုံးပြုခြင်းများ သရုပ်ပြသခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးသုံးပစ္စည်းများ ပြသရာ၌ မန္တလေးတိုင်းဒေသကြီးလူမှုကယ်ဆယ်ရေးအဖွဲ့အတွင်းရေးမှူး ဦးသန်းထိုက်နှင့်အဖွဲ့ဝင်များက မီးဘေး၊ ရေဘေး၊ လေဘေး စသည့် သဘာဝဘေးများနှင့် ယာဉ်တိမ်းမှောက်များ ကြုံတွေ့လာပါက ကယ်ဆယ်ရေးပစ္စည်းများ ကိုင်တွယ်ခြင်း၊ အသုံးပြုခြင်းများကို ရှင်းလင်းပြခဲ့ပြီး အထပ်မြင့် အဆောက်အဦများ၌ ပိတ်မိသူများရှိပါက ကြိုးဖြင့်ခုန်တွယ်ဆင်း ကယ်ဆယ်ခြင်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)