မြစ်သား ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကလေးငယ်များ ကိုယ်ကာယကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းကာယ စွမ်းရည်ပြိုင်ပွဲ လူရွေးပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက်(၉)နာရီခွဲက မြစ်သားမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကာယစွမ်းရည်ပြိုင်ပွဲအခမ်းအနားကို မြစ်သား မူလတန်းကြိုကျောင်းရင်သွေးငယ်များမှ ပန်းပွားကဖြင့် ဖျော်ဖြေပြီး ပြိုင်ပွဲကို စတင်ကာ ကစားနည်း ၆ မျိုးဖြစ်သည့် ပူပေါင်းဖောက်၊ ခေါင်းအုံးရွက်၊ ခွက်စေ့ခွက်ချဲ၊ ကြက်ဥကောက်၊ ဦးထုပ်ဆောင်း၊ ရိုးရိုးပြေးစသည့် ကစားနည်း မျိုးစုံကစားခဲ့ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ကျောက်ဆည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူမြင့်အောင်တို့က ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ခဲ့သည့် ပြိုင်ပွဲဝင်ကလေးငယ်များအား အမှတ်တရလက်ဆောင် အရုပ်များပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူမြင့်အောင်နှင့် ဆရာမများ၊ ကလေးငယ်များ၏ မိဘများနှင့် ပြိုင်ပွဲဝင်ကလေးငယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)