မဟာအောင်မြေမြို့နယ်၌ ကြိုတင်မဲပေးနေမှုများကို ဝာာဝန်ရှိသူများ သွားရောက်ကြည့်ရှု

‎‎မဟာအောင်မြေ ဇန်နဝါရီ ၆

‎‎မဟာအောင်မြေမြို့နယ်၌ ကြိုတင်မဲပေးနေမှုများကို ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဝာာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် ၁၈ ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

‎‎‎အဆိုပါလှည့်လည်ကြည်ရှုစစ်ဆေးမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစည်သူကျော်တို့မှ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း