စဉ့်ကိုင် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးဌာနသည် မြို့ပေါ် ၅ ရပ်ကွက်မှ အကြောင်းအမျိုးမျိုးကြောင့်ကျောင်းမနေသည့် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော် မိန်းကလေး ၅၀ ဦးအား ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိရာတွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံကြမည့် အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ မိန်းကလေးများကို စာရင်းမှတ်တမ်းကောက်ယူပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လိုအပ်သောကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင် )