မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောင်ပန်းတောင်းမြို့၌ မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ မဲရုံများပြင်ဆင်ထားရှိမှုအားကြည့်ရှုစစ်ဆေး

ကျောက်ပန်းတောင်း ဇန်နဝါရီ ၇

မန္တလေးတိုင်ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ဟိန်းဆက်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊  ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လိုက်ပါလျက်၊ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၈:၃၀ နာရီက ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိ၍ မဲရုံများ ပြင်ဆင်ထားရှိမှုကို လိုက်လံစစ်ဆေး၍ မြို့နယ်အားကစားခန်းမတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်နေ သည့်  မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများအား တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည် ရှေ့ဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) သို့ ရောက်ရှိ၍ မဲပေးစက်များ installation လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် သာယာအေးရပ်ကွက်၊ စံပြရပ်ကွက်နှင့် လွတ်လပ်ရေးရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်ရှိ မဲရုံများ ပြင်ဆငဆောင်ရွက်ထားရှိ မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ မြို့နယ်အားကစားခန်မတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်နေ့သည့် မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး၊ မဲဆန္ဒရှင်များ လျင်မြန် လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်၍ ကူညီဆောင်ရွက်ပေးကြပါရန် ဆွေးနွေးမှာကြားခဲ့သည်။

နေအောင်(ပြန်/ဆက်)