ညောင်ဦးမြို့၌ ဟိုတယ်၊ မိုတယ် တည်းခိုခန်းလုပ်ငန်းများ မီးဘေးလုံခြုံရေး ဆောင်ရွက်

ညောင်ဦး ဇန်နဝါရီ ၈

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီခွဲက ဟိုတယ်၊ မိုတယ်တည်းခိုခန်းလုပ်ငန်းများ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ ညောင်ဦးမြို့နယ် ပုဂံမြို့သစ်ရှိ Bagan Boutique တည်းခိုခန်းမီးဘေးလုံခြုံရေးအတွက် တည်ခိုရိပ်သာတွင် အသင့်စီမံဖြည့်တင်းဆောင်ရွက်ထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိစစ်ဆေးခြင်း၊ အသေတပ်ဆင်ထားရှိသော မီးခိုးထောက်လှမ်းမှုကိရိယာများ၊ Fire Alarm Bell များ၊ manual call point စနစ်များ၊ Hydrant နှင့် Hoose Reel စနစ်များ၊ ရေသိုလှောင်ထားရှိမှု အခြေအနေများ၊ပတ်ဝန်းကျင် မီးဘေးစိုးရိမ်ရမှုအခြေအနေများ၊ မီးသတ်ယာဉ် ဝင်/ထွက်လမ်းများ အခြေအနေတို့အား ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးတို့ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၇ ဦးတို့မှ လှည့်လည်စစ်ဆေးအကြံပြုဆောင်ရွက်ခဲ့ကြပြီး ဟိုတယ်ခရီး လိုင်စင်စည်းကမ်းချက်မှားနှင့်အညီ လုပ်ငန်းလုပ်ကိုင်ရေးနှင့် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်လက်မှတ် Fire Safety Certificate (FSC) အား လျှောက်ထားရယူသွားရေးတို့အား ဖြည့်စွက်အကြံပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း