ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒလမြို့နယ်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ဒလ ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မှော်စက်ရပ်ကွက်ရှိ မှော်စက်ဘုန်း‌တော်ကြီးကျောင်း၌ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ယမန်နေ့ နံနက် (၈) နာရီခွဲအချိန်မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သံဃာတော် (၁၂) ပါး၊ ကျား (၆၃) ဦး၊ မ (၉၄) ဦး၊ စုစုပေါင်း (၁၆၉) ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ‌ ရောဂါ၊ ကလေးရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ‌ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့် အဖွဲ့၀င်များ၊ ဒလတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍‌‌ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ‌ ပြောကြားခဲ့ပြီး မှော်စက်ရပ်ကွက်၊ မှော်စက်ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်ဘန္တဒ္ဒသုမင်္ဂထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရဲရင့်သူ (ပြန်/ဆက်)