မှော်ဘီမြို့နယ်၌ ရပ်ကွက်ကျေးရွာစာ ကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မှော်ဘီ ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေးနှင့် မော်ပီဆရာသိန်းစာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ်အချိန်က မော်ပီသိန်းစာကြည့်တိုက်ခန်းမ၌ ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မှော်ဘီမြို့နယ် ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေလင်းစာရေးဆရာ (မောင်ချိုဝေ) က အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပါဝင်ရန်လိုအပ်ပါကြောင်းနှင့် မှော်ဘီမြို့၏ အထင်ကရစာကြည့်တိုက်ဖြစ်သော မော်ပီဆရာသိန်းစာကြည့်တိုက်သည် ပြည်သူထုအား အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် ဦးဆောင်လမ်းပြပေးနေသော ပြည်သူ့စာကြည့်တိုက်တစ်တိုက်ဖြစ်ပါကြောင်း၊ မော်ပီဆရာသိန်းပြည်သူ့စာကြည့်တိုက်အား ခေတ္တပိတ်ထားရခြင်းဖြင့် စာဖတ်စာငှားသူ လူကြီးလူငယ်များအတွက် စာပေနှင့် အဆက်ပြတ်သွားရမှာ မလိုလားပါကြောင်းစာအုပ် စာပေများ ဖတ်ရှုခြင်းသည်လည်း အသိပညာဗဟုသုတတိုးပွားစေပြီး လူရာဝင်နိုင်ခြင်းတို့ကြောင့် မော်ပီဆရာသိန်း စာကြည့်တိုက်ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းစာကြည့်တိုက်အား ဆက်လက်ဖွင့်လှစ်နိုင်ရေး အကြံပြုဆွေးနွေးခဲ့သည်။

အဆိုပါစာကြည့်တိုက်ညှိနှိုင်းစည်းဝေးသို့ မှော်ဘီမြို့နယ် ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မော်ပီဆရာသိန်းစာကြည့်တိုက်၏ အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးနေလင်းစာရေးဆရာ (မောင်ချိုဝေ) နှင့် ကော်မတီဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်း၊ မှော်ဘီမြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင်များက စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မှော်ဘီမြို့နယ် (ပြန်/ဆက်)