ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)ကို ကျင်းပပြုလုပ်ရာ မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ပန်းဘဲတန်း ဇန်နဝါရီ ၁၁

ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက်ပိုင်းကစတင်ကျင်းပပြုလုပ်ရာ  သက်ဆိုင်ရာမဲရုံများတွင် ပြည်သူများ‌ အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိသည်။

ဦးစွာ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စား လှယ်များ ရှေ့မှောက်တွင် မဲပုံများဖွင့်လှစ်စစ်ဆေးပြသခြင်းနှင့် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များဖြင့် စမ်းသပ်မဲဆန္ဒများပေးခြင်းတို့ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက် ခဲ့ကြပြီး  နံနက် (၆) နာရီအချိန်တွင် မဲရုံများကိုတစ်ပြိုင်နက် ဖွင့်လှစ်ပေးခဲ့ရာ ဆန္ဒမဲပေးသူများ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ကြိုတင်ဖြန့်ဝေထားသည့် မဲစလစ်များနှင့် မဲစာရင်းများရှာဖွေခြင်းအပြင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို Tablet များဖြင့် မြန်ဆန်စွာရှာ ဖွေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။

ဆန္ဒမဲပေးခြင်းကို အမှတ် ၁ ရပ်ကွက်၊ ၂၅ လမ်း၊ အလက(၁)ကျောင်းရှိ မဲရုံအမှတ်(၁)၌ လည်းကောင်း၊ အမှတ် ၂ရပ်ကွက်၊ ၂၇ လမ်း၊အမက(၃)ကျောင်းရှိမဲရုံအမှတ်(၁)၌ လည်းကောင်း၊ အမှတ် ၃ ရပ်ကွက်၊ ကုန်သည်လမ်း၊ အမက(၁)ကျောင်းရှိ မဲရုံအမှတ်(၁)၌ လည်းကောင်း၊ အမှတ် ၄ ရပ်ကွက်၊ ရွှေဘုံသာလမ်း၊ ရန်‌ဒေး (ရ်)စွန္ဓီဝိုက်ရာပန်ချာယက်ခန်းမရှိ မဲရုံအမှတ်(၁)၌ လည်း‌ကောင်း၊ အမှတ် ၅ ရပ်ကွက်၊‌ ရွှေတိဂုံဘုရားလမ်း၊ အထက(၁)ကျောင်းရှိမဲရုံအမှတ်(၁)၌ လည်းကောင်း၊ အမှတ် ၆ ရပ်ကွက်၊ကုန်သည်လမ်း၊ ကုန်သွယ်မှုမြှင့်တင်‌ရေးဗဟိုဌာန၊ မဲရုံအမှတ်(၁)၌ လည်းကောင်း၊ အမှတ် ၇ ရပ်ကွက်၊ ၂၉ လမ်း၊ ဓမ္မာရုံရှိ၊ မဲရုံအမှတ်(၁)၊ ရွှေဘုံသာလမ်း၊ ဆွမ်း‌လောင်းရုံရှိမဲရုံအမှတ်(၂)၌ လည်း‌ကောင်း၊ အမှတ် ၈ ရပ်ကွက်၊ လမ်း၃၀၊ ဓမ္မာရုံရှိ၊မဲရုံအမှတ်(၁)လည်းကောင်း၊ အမှတ် ၉ ရပ်ကွက်၊ ၃၁လမ်း၊ ခန်းမရှိ၊ မဲရုံအမှတ်(၁) လည်းကောင်း၊ အမှတ် ၁၀ ရပ်ကွက်၊ ၃၂ လမ်း၊ ဓမ္မာရုံရှိ၊ မဲရုံအမှတ်(၁) လည်းကောင်း၊ အမှတ် ၁၁ ရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်း၊ အမက(၂)ကျောင်းရှိမဲရုံအမှတ် (၁)၌လည်းကောင်း ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိသည်။

၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ ပန်းဘဲတန်းမြို့နယ်တွင်ရပ်ကွက်(၁၁) ရပ်ကွက်၊ မဲရုံစုစုပေါင်း(၁၂)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၉၆၆၅) ဦးရှိပြီး ရပ်ကွက်အလိုက်မဲရုံများတွင် ပြည်သူများအေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနေလျက်ရှိကြောင်းသိရသည်။ 

မြို့နယ်(ပြန်/ဆက်)