စဉ့်ကိုင် ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီအချိန်မှ စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ မဲရုံအသီးသီးတွင် ပြုလုပ်လျက်ရှိရာ ဆန္ဒမဲလာရောက်ပေးသည့် မဲဆန္ဒရှင်ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်ပြည်သူများ တက်ကြွစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိရာတွင် သက်ဆိုင်ရာမဲရုံများ၌ တာဝန်ထမ်းဆောင်နေသူများက ပြည်သူများ လွယ်ကူလျှင်မြန်စွာဆန္ဒမဲပေးနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ သက်ကြီးရွယ်အိုများအား မဲရုံအတွင်းသွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း တို့ကို တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။
စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက်၊ အလက(ခွဲ) တရုတ်စု၊ မဲရုံအမှတ်(၁)မှ ဆန္ဒမဲလာရောက်ပေးသူ ပြည်သူတစ်ဦးကလည်း "ကျွန်တော့်အနေနဲ့ အခုလို မြန်မာ့အီလက်ထရောနစ်မဲပေးစက်နဲ့ မဲပေးရတဲ့အတွက် စိတ်လှုပ်ရှားရတာပေါ့၊ မဲပေးတဲ့နေရာမှာလဲ လွတ်လွတ်လပ်လပ်နဲ့ပေးရတာ အလွန်ကျေနပ်ပီတိ ဖြစ်ပါတယ်၊ မဲရုံတာဝန်ကျတဲ့ ဝန်ထမ်းတွေကလည်း အဘက်ဘက်ကနေ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြတော့ ပိုပြီးအဆင်ပြေတာပေါ့..၊ အခုလိုနိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့မဲပေးခွင့်ရတာ ကျေနပ်ဂုဏ်ယူမိပါတယ်" ဟု ပြောသည်။
ကျော်စွာ(စဉ့်ကိုင်)