၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ ကွမ်းခြံကုန်းမြိုနယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာစတင်မဲပေး

ကွမ်းခြံကုန်း ဇန်နဝါရီ ၁၁

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)အား ဇန်နဝါရီ(၁၁)ရက် ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြိုနယ်၌ ယနေ့နံနက်(၆)နာရီမှ စတင်ကာ မဲရုံအသီးသီး၌မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိ‌ကြောင်းသိရသည်။

 မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးစက်ဖော်ပြသည့်စက်တို့ ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်မဲဆန္ဒရှင် ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် မဲပေးစက်ဆန္ဒမဲပေးခန်းများ၌ လွတ်လပ်စွာ မိမိဆန္ဒပြုသည့် ကိုယ်စားလှယ်အားလွတ်လပ်စွာမဲထည့်ခဲ့ကြောင်း သိရသည်။

 အဆိုပါကွမ်းခြံကုန်းမြို့နယ်အနေဖြင့် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၃)အုပ်စုရှိရာတွင် မဲရုံပေါင်း(၁၁၄)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၁၀၀၉၀၉)ဦး ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရှိရပြီးမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများမှလည်း မိမိကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်များအား လွတ်လပ်စွာမဲပေးခဲ့ကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)