အင်းစိန် ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်၍ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အနေဖြင့် ရပ်ကွက် (၂၁)ရပ်ကွက်တွင် မဲရုံပေါင်း( ၁၀၃ )ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း-၁၉၄၉၈၄ဦးရှိကာ ဖွင့်လှစ်ထားရှိသည့် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများသည်နံနက် (၆)နာရီမတိုင်မီကတည်းက ဆန္ဒမဲပေးရန်အတွက် သက်ဆိုင်ရာ မဲရုံများအလိုက် လာရောက်တန်းစီစောင့်ဆိုင်းလျက်ရှိကြပြီး မဲရုံဖွင့်လှစ်ချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အတူ မဲစာရင်းများအား တိုက်ဆိုင်စိစစ်လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွှတ်တော်အသီးသီးတို့တွင်ဝင်ရောက်ယှဥ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)