ကျောက်ဆည် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ မိုးကောင်းသောက် ကျေးရွာအုပ်စုများတွင် မိုးကြို၊ မိုး၊ မိုးနှောင်းရာသီများ၌ ချည်မျှင်ဝါများကို အဓိကထားစိုက်ပျိုးကြပြီး မိုးနှောင်းချည်မျှင်ရှည်ဝါ တစ်ပိဿာ ငွေကျပ် ၄၀၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။
မိုးနှေင်းချည်မျှင်ရှည်ဝါများကို သင်္ဂတုံကျေးရွာအုပ်စု၌ ၄၉ ဧက၊ အရှေ့သာဂရ ကျေးရွာအုပ်စု၌ ၁၅ ဧက၊ ကလေးကျေးရွာအုပ်စု၌ ၆၈ ဧက၊ မှိုင်းပန်ကျေးရွာအုပ်စု၌ ၁၁၉၄ ဧက၊ ပြည်တော်သာကျေးရွာအုပ်စု၌ ဧက ၄၀ ၊ ရှမ်းတောင်ဦး ကျေးရွာအုပ်စု၌ ၁၀၄ ဧက၊ ကုလားကျောင်း ကျေးရွာအုပ်စု၌ ၆၅ ဧက စုစုပေါင်း (၁၅၃၅)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်တောင်သူများ ဝါအထွက်နှုန်းကောင်းမွန်ရေး သွင်းအားစုနှင့် ကုန်ကျစရိတ်လျော့နည်းပြီး အရည်အသွေးမြင့်မား၍ အထွက်နှုန်းတိုးတက်ကောင်းမွန်သည့် ရေမြေဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့် ချည်မျှဉ်ရှည်ဝါမျိုးများ ရွေးချယ်စိုက်ပျိုးရေး ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)