မိတ္ထီလာ ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအဆင့်နှင့် တက္ကသိုလ်အဆင့် ပြိုင်ပွဲများကို ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အခြေခံပညာအဆင့်နှင့် တက္ကသိုလ်အဆင့် ပြိုင်ပွဲများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေး ဆရာအသင်းတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပန်းချီးပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်များကို ကြိုက်နှစ်ရာခေါင်းစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ၎င်းအပြင် တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် စည်းလုံးချစ်ကြည် အောင်ပွဲဆီ ညီညွတ်တက်လှမ်းပြည့်အောင်ပန်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာရေးစပ်ပြိုင်ပွဲတွင် စည်းလုံးညီညွတ် အောင်ပန်းဆွတ်ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် နှလုံးသားထဲက ပင်လုံမြေ၊ ပြည်ထောင်စုသွေး စဉ်နွေးထွေး၊ ပင်လုံသက်သေလွတ်လပ်စေ ခေါင်းစဉ် (၃)ခုအား မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)