ငါန်းဇွန်မြို့ အမှတ်(၃) အ.မ.က၌ လူငယ်ရေးရာ၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသ

ငါန်းဇွန် ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက လူငယ်ရေးရာ၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကျောင်းသားကျောင်းသူများအား “လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် ယဉ်ကျေးမှု၏ အဓိပ္ပာယ်၊ သိမ်းမွှေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကာလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်းတို့ကို ထိန်းသိမ်း လိုက်နာရမှာဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဦးကိုကိုနိုင်က မုန်တိုင်းဘေး၊ ရေကြီးရေလျှံ၊ မီးဘေးနှင့် ငလျင်ဘေးအန္တရာယ်တို့ မဖြစ်ပေါ်မီ၊ ဖြစ်ပေါ်နေဆဲကာလ၊ ဖြစ်ပေါ်ပြီးချိန်တို့တွင် ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမား ပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။       

သက်နောင်ဦး(ငါန်းဇွန်)