လှိုင်သာယာ ဇန်နဝါရီ ၁၅
အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ မြို့နယ်စုပေါင်းရုံးဝန်းအတွင်းရှိ မြို့နယ်ခန်းမသို့ ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦး၊ ရွှေပြည်သာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ထက်စုလှိုင်ဦးစီး၍ ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံးမြို့နယ်ခန်းမသို့ ပြောင်းရွှေ့ရောက်ရှိသည်။
အဆိုပါပြောင်းရွှေ့လာသော BGO-11,9N-7540,MITSUBISHI FUSO အဖြူရောင်ယာဉ်ပါ (၄) စီးဖြင့် MEVM မဲပေးစက် (၆၁၁) လုံးတင်ဆောင်၍ ရောက်ရှိလာစက်များကို လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဦးမြင့်ဇော်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီမှူး ဒေါ်စန်းစန်းမော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းနိုင်၊ မြို့နယ်ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ချမ်းမြေ့၊ မြို့နယ်ဒုမြို့နယ်ပညာရေးမှူး ဦးသက်အောင်စိုး၊ စည်ပင်လက်ထောက်ဦးစီးမှူး ဦးဇော်ဇော်အောင်နှင့် တာဝန်ရှိသူများမှ ကြိုဆိုလက်ခံကြသည်။
လွှဲပြောင်းရောက်ရှိလာသည့် စက်များထဲတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွက် MEVM မဲပေးစက် (၅၈၃) လုံး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွက် MEVM မဲပေးစက် (၂၈) လုံးအား မြို့နယ်ခန်းမအတွင်းသို့ ပြောင်းရွှေ့သယ်ဆောင်ထားရှိခဲ့ပြီး ရွှေပြည်သာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ထက်စုလှိုင်မှ MEVM မဲပေးစက် (၆၁၁) လုံးအား လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမော်အား လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)