တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ရွေ့လျားရေသန့်စက်ယာဉ် မောင်းနှင်၊ ထိန်းသိမ်း၊ ပြုပြင်ခြင်းဆိုင်ရာ နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ရွေ့လျားရေသန့်စက်ယာဉ် မောင်းနှင်၊ ထိန်းသိမ်း၊ ပြုပြင်ခြင်းဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်ဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ သင်တန်းသား ၄၀ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက အဖွင့်အမှာစကားပြောကြားရာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံအတွင်း သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လှူဒါန်းသည့် ရွေ့လျားရေသန့်စက်ယာဉ်များကို စနစ်တကျမောင်းနှင်၊ ထိန်းသိမ်းတတ်စေရန်၊ ဘေးအန္တရာယ်ကျရောက်ရာ နေရာဒေသအသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ သောက်သုံးရေသန့်များဖြန့်ဝေနိုင်ရန်၊ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုများ ဖြစ်ပေါ်လာပါက ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက နည်းပညာရှင်များ ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီး လက်တွေ့သင်ကြားပြသပေးသည့်အတွက် သင်တန်းသားများအနေဖြင့် နည်းပညာလွှဲပြောင်းရယူနိုင်မည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပြီး ဘေးသင့်ပြည်သူများကို လက်တွေ့ကျကျအကျိုးပြုမည့် အထောက်အကူပြုကိရိယာများဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများ၏ သင်ကြားပြသမှုကို ဂရုတစိုက် လေ့လာမှတ်သားကြရန်နှင့် သင်တန်းသားများအနေဖြင့် သိလိုသည်များ၊ မရှင်းလင်းသည့် အချက်များရှိပါက အပြန်အလှန်ဆွေးနွေးမေးမြန်းရန်နှင့် မှတ်သားရရှိသည့် နည်းပညာဗဟုသုတကျွမ်းကျင်မှုကို မိမိ၏ဒေသအသီးသီးသို့ ရောက်ရှိသည့်အခါ လက်တွေ့အကျိုးရှိရှိ ပြန်လည်အသုံးချရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာရှင်များက ရွေ့လျားရေသန့်စက်ယာဉ်များကို လိုက်လံရှင်းလင်းပြသမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြင့် (ပြန်/ဆက်)