ကော့မှူးမြို့နယ် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြော

ကော့မှူး ဇန်နဝါရီ ၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦး‌‌အေးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြောကြားရာတွင် လူငယ်များ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည်ဖြစ်သောကြောင့် မိမိတို့၏ဘဝများမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်၊ အတွေးအခေါ်မှန်ကန်ပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ပေါ်ထွန်းလာစေရန် အထူးပင်အရေးကြီးကြောင်း၊ မိမိကိုယ်ကိုကောင်းအောင် ကြိုးစားရင်းမိမိနိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန်၊ လူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ်နိုင်ငံတော်ကိုဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားနေထိုင်ကြစေလိုကြောင်း စသည့်လူငယ်များနှင့် ပတ်သက်သော အကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ ပြသထားရာ ကျောင်းသားများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်သူရ