ပျော်ဘွယ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန် အပျော်တမ်း စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၅

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ လာရောက်စာပေဖတ်ရှုလျက်ရှိသည့် ကျောင်း သား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ အပျော်တမ်းစစ်တုရင်ပြိုင်ပွဲ ကျင်းပပေးခြင်းကို ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီက အဆိုပါ မြို့နယ်ရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အပျော်တမ်းစစ်တုရင်ပြိုင်ပွဲ ကျင်းပပေးခြင်းနှင့်ပတ်သက်၍ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကောင်းသောယှဉ်ပြိုင်မှုနဲ့ ယှဉ်ပြိုင်တတ်စေရန်၊ ကျောင်းစာတွင်သာမက အားကစားကဏ္ဍမှာလည်း စိတ်ပါဝင်စားစေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပေးခြင်းဖြစ်ပါတယ်”ဟု သိရသည်။

ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကို ရှုံးထွက်စနစ်ဖြင့် ကျင်းပပြုလုပ်ပေးကာ ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူ (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)