‎​ကျောက်တန်းမြို့နယ် အ-လ-က (ခွဲ) အဒွတ္တောကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်တန်း ဇန်န၀ါရီ ၁၅

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ-လ-က (ခွဲ)  အဒွတ္တောကျောင်းတွင် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၅ ရက် နံနံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များကို အသိပညာတိုးပွားစေရန် ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်ပြဘုတ်များ၊ လူငယ်ရေးရာဆိုင်ရာ နံရံကပ်ပြဘုတ်များပြသပြီး ကျောင်းသား၊ ကျောင်းသူများ စာပေကိုပိုမိုမြတ်နိုးတတ်စေရန် စာအုပ်ပြပွဲများပြသခဲ့ရာဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ဗဟုသုတရရှိစေရန် ကြည့်ရှုလေ့လာခဲ့ကြပြီး ကဗျာရွတ်ဆိုပြိုင်ပွဲများလည်း ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

နေလင်းကျော် (ပြန်/ဆက်)