သန်လျင်-သုံခွ-ခရမ်းမြို့နယ်များသို့ ဆက်သွယ်ထားသော လမ်းမကြီးအား လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်

သန်လျင် ဇန်နဝါရီ ၁၅

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် လမ်းဦးစီးဌာနမှ ခရီးသွားပြည်သူများ လျှင်မြန်ချောမွေ့စွာ သွားလာနိုင်ရေးအတွက် သန်လျင်-သုံခွ-ခရမ်းမြို့နယ်များသို့ ဆက်သွယ်ထားသော လမ်းမကြီးအား လမ်းတိုးချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းတိုးချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအား သန်လျင်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးဇေယျာမင်း နှင့်တာဝန်ခံအင်ဂျင်နီယာများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး အဓိကလမ်းမကြီး၌ ကျန်ရှိသောနေရာများကိုလည်း  ဆက်လက်ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

ဖြိုးသီဟ(သန်လျင်)