မဟာအောင်မြေ ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူများနှင့်မော်တော်ယာဉ်မောင်းများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာစေရန်အတွက် "လက်ယာဘက်အစွန်ဆုံး ယာဉ်ကြောကိုကပ်လို့ သုံးဘီးတပ်ယာဉ်နှင့်မော်တော်ဆိုင်ကယ်မောင်းနှင်စို့" လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ ဆောင်ရွက်သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါပုဒ်မများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန်စည်းကမ်းများ၊ ယာဉ်မောင်းလျှင် လက်ယာဘက်သို့ကပ်၍ မောင်းနှင်ရန်၊ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်နှစ်အလိုက် ယာဉ်တိုက်မှုနှိုင်းယှဉ်ချက်ဇယား၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းချိုးဖောက်ပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားသည်ကိုတွေ့ရှိပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချမ်းမြသာစည်မြိုနယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၈၉)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး စိုင်းကျော်မျိုးထွန်း ဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက လမ်းအသုံးပြုသူပြည်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း