မြင်းခြံ ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြတ်မဟော်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက “ကျောင်းသား/ကျောင်းသူများ ဗလငါးတန်းနှင့် ပြည့်စုံစေရန် ကိုယ်ကာယကြံ့ခိုင်ရေး ကိုယ်လက်လှုပ်ရှားခြင်း၊ အစားအသောက်ဆင်ခြင်ခြင်းနှင့် အတန်းပညာများကို အမြဲလေ့လာခြင်းပါက အရွယ်ရောက်လျှင် စီးပွားရေးကောင်းမွန်စွာ ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ သူငယ်ချင်းများကို လေးစားချစ်ခင်ရမှသာ မိတ်ဆွေကောင်းရရှိပြီး ဘဝခရီးကောင်းစွာ လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ စာရိတ္တကောင်းမှ အရာရာ အဆင်ပြေနိုင်ကြောင်း ဟောပြောသည်။
ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်များ ပြသခဲ့ကြကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)