တောင်သာ ဇန်နဝါရီ ၁၆
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်ပြဘုတ်များကို ဇန်နဝါရီ ၁၆ ရက်နံနက် ၁၀နာရီက အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ကျောင်းသား/ကျောင်းသူ (၇၉)ဦးတို့ကို ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ဘာသာရပ်တစ်ခုစီ၏ သင်ကြားရသည့်အကြောင်းအရင်း၊ ဗလငါးတန်နှင့်ပြည့်စုံဖို့၊ လူရည်ချွန်ကလေးများဖြစ်စေဖို့၊ လူငယ်နှင့်စာဖတ်ခြင်းအကြောင်း၊ အသက်အရွယ်အလိုက် စာအုပ်များကိုရှာဖွေဖတ်ရှုကြစို့ စသည်တို့ကို ဟောပြောခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)