ကျောက်ဆည် ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၁ နာရီက ရဒါန်းချောင်းဆုံ ကြိုးဝိုင်းအကွက်အမှတ်(၁၇) ကျေးရွာသုံးစိုက်ခင်းမှထွက်ရှိသော ထင်းနှင့် မျောတိုင်များအား ချောင်းဆုံကျေးရွာမှ ပြည်သူများအား ပေးအပ်သည်။
ကျောက်ဆည်ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဘိုက ကျေးရွာသုံးစိုက်ခင်း စိုက်ပျိုးခြင်း၊ အခမဲ့ထင်းပေးဝေခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဌာနမှ ဦးစီးအရာရှိ ဦးမျိုးခန့်ကိုနှင့်အတူ ရဒါန်းချောင်းဆုံ ကြိုးဝိုင်းအကွက်အမှတ်(၁၇)၊ ၁/၂၀၂၀ (၂၅)ဧက ကျေးရွာသုံး စိုက်ခင်းမှ ထွက်ရှိသော ထင်း ၁၈ ဒသမ ၂၀ တန်နှင့် မျောတိုင် ၅၂၇ လုံးတို့အား ချောင်းဆုံကျေးရွာမှ အိမ်ထောင်စု ၁၉၇ စုထံသို့ အခမဲ့ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်