အမရပူရ ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲ တစ်ဦးချင်းနှင့်အသင်းလိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဉက္ကဋ္ဌ ဒေါက်တာနှင်းမင်းစိုးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးစစ်တုရင်ဆပ်ကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စစ်တုရင်ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဉက္ကဋ္ဌ ဒေါက်တာနှင်းမင်းစိုး က စကွက်ရွှေ့ပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
အဆိုပါ စစ်တုရင်ပြိုင်ပွဲကို ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အမျိုးသား ၆၅ ဦး၊ အမျိုးသမီး ၂၈ တို့သည် ၂၀၀ဝ ပြည့်နှစ် (FIDE LAW OF CHESS) ဥပဒေနှင့်အညီ ပြိုင်ပွဲကို (Swiss System) ဖြင့် (၇)ပွဲ ကစားခဲ့ပြီး တစ်ဦးချင်းနှင့် အသင်းလိုက် အရောပုံစံဖြင့် ကျင်းပသည်။
စိုးသီဟ(အမရ)