ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အမျိုးသားအဆင့် သတ်မှတ်ထားသည့် အခြေခံ စံချိန်စံညွှန်းနှင့် အညွှန်းကိန်းသတ်မှတ်ချက်ညီစေရေးကွင်းဆင်းစစ်ဆေး

ညောင်ဦး ဇန်နဝါရီ ၁၇

၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အမျိုးသားအဆင့် တိုင်းဒေသကြီး၊ပြည်နယ်အဆင့်တို့မှပေးအပ်ချီးမြှင့်မည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်း မွန်သော မြို့၊ကျေးရွာ၊စက်ရုံ၊အလုပ်ရုံ လုပ်ငန်းဆုအတွက် အမျိုးသားအဆင့် သတ်မှတ် ထားသည့် အခြေခံစံချိန်စံညွှန်းနှင့်အညွှန်းကိန်းသတ်မှတ်ချက်ညီစေရေးကွင်းဆင်း စစ် ဆေးခြင်းကို ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၁၁ နာရီအချိန်က သတ်မှတ်အဖွဲ့များဖြင့်ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန် သော ကျေးရွာဆု စိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ကျော်စိုး ဦးဆောင်၍၊ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်တင့်တင့် အောင်နှင့်အဖွဲ့ဝင်များသည် ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာအုပ်စု၊မင်းနန်သူကျေးရွာသို့ သတ်မှတ်ထားသည့် အခြေခံစံချိန်စံညွှန်း(၁၀)ချက်၊အညွှန်းကိန်း(၆၆)ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း