မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ မြစ်သားမြို့နယ်အတွင်းရှိ မဲရုံပြင်ဆင်ထားရှိမှု ကြည့်ရှု စစ်ဆေး

မြစ်သား ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများသည် မြစ်သားမြို့နယ်အတွင်းရှိ ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ကျင်းပမည့်မဲရုံများ၏ ပြင်ဆင်ထားရှိမှု အခြေအနေများအား ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေသူဌေးရပ်ကွက်ရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း၊ မြို့မအရှေ့ရပ်ကွက်ရှိ ကျီတော်ကုန်း အခြခံပညာ မူလတန်းလွန်‌ကျောင်း၊ လက်ပံဆိပ်ကျေးရွာရှိ အ‌ခြေခံပညာမူလတန်းကျောင်း၊ ရွာခိုင်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၊ မြစ်ဆုံကြီးကျေးရွာရှိ အခြေခံပညာမူလတန်း‌ကျောင်း၊ ကူမဲမြို့အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၊ သာလွန်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ချင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းများရှိ မဲရုံပြင်ဆင်ထားရှိမှု အ‌ခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)